WHO uses MEP Learning

မည်သူများအသုံးပြုနိုင်အောင်တည်ဆောက်ထားပါသနည်း

 

မိဘများ နှင့် တစ်ဦးချင်းစီ

ပညာရေးရင်းနှီးမြုတ်နှံမှုသည် မဖြစ်မနေလုပ်ဆောင်ရမည့် အရေးကြီးသောလုပ်ငန်းကြီး တစ်ခု ဖြစ် သည်။ ပညာရေးစနစ်သစ်ကို ယခုမှ စတင်သင်ကြား ရပါတော့မည်။ ခေတ်မီ၊ ဆန်းသစ်သော နည်း ပညာများကို သင်ကြားရေးတွင်ကျယ်ပြန့်စွာအသုံးပြုနေသည်။ အထူးသဖြင့်၊ စက်မှုနည်းပညာ ၄ ၏ ဒီဂျစ်တယ်နည်းပညာ နှင့် အွန်လိုင်းကွန်ယက် စနစ်သည်လည်းမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည့် အပြင်၊ မြန်ဆန်ခြင်း၊ တိကျခြင်း၊ အချိန်တိုအတွင်း သင်ခန်းစာ များကို သင်ပေးနိုင်ခြင်း၊ ကျောင်းသား၏အရည်အသွေးကို အချိန်အလိုက်ဆန်းစစ်နိုင်ခြင်း တို့ကို ပြု လုပ်နိုင်သည်။ မိမိ၏ကလေးများပညာရည်မြင့်မားရေး၊ ဒီဂျစ်တယ် နည်းပညာ နှင့် အွန်လိုင်း စနစ် ဖြင့် သင်ကြားနိုင်ရေးကို mep learning ကတာဝန်ယူဆောင်ရွက်ပေးနိုင်ပါသည်။

 

ဆရာများ နှင့် ပြင်ပကျောင်းများ

ပြင်ပစာသင်ကျောင်းများနှင့်ကိုယ်ပိုင်စာသင်ကျောင်းများသည်လည်းမရှိမဖြစ် အထောက်အကူ ပြု နေသည်။ ကျောင်းသားအရေအတွက်များ လာခြင်းကြောင့်၊ လုပ်ငန်းများ လျှင်မြန်မှုအား နည်းလာရ ခြင်း၏အကြောင်း တစ်ခုဖြစ်သည်။ mep learning သည် မြန်ဆန်ခြင်း၊ တိကျခြင်း၊ အချိန်တိုအတွင်း သင်ခန်းစာအများ ကိုသင်ပေးနိုင်ခြင်း၊ ကျောင်းသားအများကိုအချိန်အလိုက်ဆန်းစစ်နိုင်ခြင်း၊ တန် ဘိုး ဖြတ်နိုင်ခြင်း တို့ကို နည်းပညာဖြင့် လွယ်ကူစွာဆောင်ရွက်ပေးနိင်သည်။

 

အစိုးရကျောင်းများ

အစိုးရစာသင်ကျောင်းများ (မူ၊လယ်၊ထက်) သည် ပညာရေးရပ်ဝန်းတွင်၊ အခြေခံအုတ်မြစ် ဖြစ် သည်။ ပညာရေးရင်းနှီးမြုတ်နှံမှုသည် အနာဂတ်မျိုးဆက်အတွက် ရလဒ်ကောင်း များပေါ်ထွန်း လာမှု၏ အခြေခံအုတ်. မြစ်ကောင်းဖြစ်သည်။ ရလဒ်ကောင်းများဖြစ်ပေါ်လာမှု သည်လည်း ကမ္ဘာ့ အဆင့်မီရင်ဘောင်တန်းနိုင်ဘို့ရာနှင့်လည်း ဆက်စပ် တည်မီနေသည်။ ကမ္ဘာ့အဆင့် ဖြစ်နေသော စက်မှုနည်းပညာ ၄ ၏အခြေခံ ဖြစ်သော ဒီဂျစ်တယ်နည်းပညာ နှင့်အွန်လိုင်း စနစ်သည်လည်း မရှိအဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ ထို့ကြောင့်၊ ဒီဂျစ်တယ်နည်းပညာ နှင့် အွန်လိုင်းကွန်ယက်နည်းစနစ်ကို ပညာရေးရင်းနှီးမြုတ်နှံမှုအခန်းတွင် ကျယ်ပြန့်စွာပါဝင်အသုံးပြု လာနိုင်အောင် mep learning ကဦးစားပေး စီစဥ်ဆောင်ရွက်လျှက် ရှိပါသည်။ သို့ပါ၍၊ ဒီဂျစ်တယ်ပုံစံ (digitization) သို့ ပြောင်းလဲပုံဖေါ် ပေးနိုင် သော mep learning နှင့် လက်တွဲ ဆောင်ရွက်မှုများပြု လုပ်နိုင်ရန် အစိုးရစာသင်ကျောင်းများကို ဖိတ်ခေါ် လျှက်ရှိပါသည်။

စာမေးပွဲကျင်းပရန်အတွက် လိုအပ်သောဌာနများအတွက် (ဥပမာ၊ ဝင်ခွင့်စာမေးပွဲများ)၊ မေးခွန်းများတည်ဆောက်ပေးခြင်း၊ (အောင်/ရှုံး) ရလဒ်ကိုချက်ချင်းရယူနိူင်ခြင်း ကို အမှားမရှိ၊ လျှင်မြန်မှန်ကန်စွာပြုလုပ်ပေးနိုင်သည် (manual စစ်ဆေးချက် မပါဝင်လျှင်)။