Features

Features အဂ်ါရပ်များ 

၁။ ဥာဏ်စမ်းပဟေဠိများတည်ဆောက်ခြင်း (Quizzes)

  • မေးခွန်း တည်ဆောက်ပုံ ကိုးမျိုးကို အခြေခံထားပြီး၊ အတန်းပေါ်မူတည်၍ ကိုယ်ပိုင်တီထွင်ကြံဆမှုဖြင့်၊ ကျောင်းသားများနားလယ်လွယ်ကူစေရန် ပြုလုပ်ထားသည်။ တည်ဆောက်ပုံ ကိုးမျိုးမှာ အမှန်တစ်ခုကိုရွေးချယ်ခြင်း (single choice)၊ အမှန်ကိုရွေးချယ်ခြင်း (multiple-choice)၊ စာစီစာကုံး သို့မဟုတ် စာတမ်းတို (Essay), ရုပ်ပုံ ဖြင့်ရွေးချယ်ခြင်း (Picture choice)၊ အဖြေတိုချုပ် (Short answer) ၊ နှိုင်းယဥ်ခြင်း(matching)၊ ကွက်လပ် ဖြည့်ခြင်း (fill-in-the-blank) (Question) (Feedback) တို့ ပါဝင်သည်။

     

    • ၁ (က)။ မှားမှန်ရောထွေးအမှန်ရွေး သို့မဟုတ် အမှန်တစ်ခုကိုရွေးချယ်ခြင်း (single choice)၊ မေးခွန်း များကို Radio Button (ရေဒီယိုခလုပ်များ) and dropdown bar (select) ဖြင့် စီစဥ်ထားသည်။ ရေဒီယိုခလုပ်များ (Radio Button) ဖြင့်တည်ဆောက်ရာတွင်၊ မေးခွန်းများထဲ မှ အဖြေမှန်တစ်ခုကို ရွေးချယ်ပြီး၊ ရေဒီယိုခလုပ်များမှ တစ်ခုကိုရွေးပြီး နှိပ်ပါ (ပုံ )။

     

    • dropdown bar (select) ကို နှိပ်ထား ခြင်းဖြင့် ပေါ်လာသော မေးခွန်းများထဲ မှ အဖြေမှန် တစ်ခုကို ရွေးချယ်နိုင်သည် (ပုံ ၂)။

    •  

    • ၁ (ခ)။ မှားမှန်ရောထွေးအမှန်ရွေး သို့မဟုတ် အမှန်ကိုရွေးချယ်ခြင်း (Multiple Choice)

    အဖြေမှန်သည်နှစ်ခု နှင့်အထက်ပါရှိသည်။ အဖြေမှန်ကိုရွေးချယ်ပြီး၊ လေးဒေါင့်ပုံ အကွက်ကို နှိပ်ပြီးရွေးချယ်ပါ (ပုံ  )။

     

    • ၁ (ဂ)။ ရုပ်ပုံတူကိုရွေးချယ်ခြင်း (Picture Choice) သည် အဖြေမှန်ကို ပေးထားသော ရုပ်ပုံများ မှ ရွေးချယ် ပေး ရမည် (ပုံ )။ အမှန်ပုံ ကို ကလစ် (click) လုပ်ပြီး ရွေးပါ။

     

    • ၁ (ဃ)။ ကွက်လပ်ဖြည့်ခြင်း (Fill in the Blank) သည် လေးဒေါင်စတုရန်းကွက်ထဲရေး ထဲ့ရမည်။ ပေးထားသော မေးခွန်းအတွက်၊ အဖြေမှန် ကို လေးဒေါင်စတုရန်းကွက်ထဲတွင် ရေးထဲ့ပေးရမည် (ပုံ )။

     

    • ၁ (င)။ နှိုင်းယဥ်ခြင်း (Matching) ကို dropdown bar နှင့် ပေါင်းစပ်ရော ထွေးပြီး တင်ပြထားသည်။ ဘယ်ဖက် (ရုပ်ပုံ) နှင့် ညာဘက် (သက်ေတ) ကို နှိုင်းယဥ်ခြင်း ထား သော မေးခွန်း ဖြစ်သည်။ ရုပ်ပုံ နှင့် သက်ေတ တူညီ သော အရေအတွက်ကိုရှာရမည်။ နှိုင်းယဥ်ခြင်း ဖြင့်ရရှိလာ သောအဖြေ ကို (select) ကို နှိပ်ထား ခြင်းဖြင့် ပေါ်လာ သော မေးခွန်းများထဲ မှ အဖြေမှန် တစ်ခုကို ရွေးချယ်နိုင်သည် (ပုံ )။

      

    • ၁ (င)။ နှိုင်းယဥ်ခြင်း (Matching) ကို ကွက်လပ်ဖြည့်ခြင်း (Fill in the Blank) နှင့် ပေါင်းစပ်ရောထွေးပြီး တင်ပြထားသည်။ ဘယ်ဘက် (ရုပ်ပုံ) နှင့် ညာဘက် (ဂဏန်း) ကို နှိုင်းယဥ်ခြင်း ပြထား သောမေးခွန်းဖြစ်သည်။   နှိုင်းယဥ်ခြင်း ဖြင့်ရရှိလာသောအဖြေ ကို ကွက်လပ် ဖြည့်ခြင်း (Fill in the Blank) ပြုလုပ်ရန်၊ အဖြေမှန် ကို လေးဒေါင်စတုရန်း ကွက်ထဲတွင် ရေးထဲ့ ပေးရမည် (ပုံ )။ ရေးထဲ့ရာတွင် ဂဏန်း space ဂဏန်း (၆ space ၃) (၆ ၃) ဟုရေးထဲ့ရမည်။

     

    • ၁ (စ)။ အက်ဆေးပုံစံမေးခွန်းများကို File Loading ပြုလုပ်၍ ပြုလုပ်နိုင်သည်၊ အခန်း လိုက်အိမ်စာများ (course works)၊ စာစီစာကုံးများ (essay)၊ ရုပ်ပုံများ (pictures)၊ သခ်ျာပိုင်း တွက်ချက်မှုများ (mathematical calculation)၊ နှင့် တစ်ခြားသောရုပ်ပိုင်းဆိုင်ရာ။ အထောက် အထားများ (documents) တို့ပါဝင်သည်။ မည်သည်ံ မှတ်တမ်းများ မဆို၊ အားလုံးကို တင်ရောက် နိုင် သည်။ ဖိုင်ဖေါ်မက် (file format) များမှာ .jpg, jpeg, .bmp, .gif, .png, .mp4, .mp3, .doc, .docx, .txt, .xlsx, .pdf. ဖြစ်ရမည်။ ဖိုင်အရွယ်အစား (file size) မှာ 15MB ထက်မပိုရ။ ကြီးမားသော ဖိုင်များအတွက်လည်းစီစဥ်ပေးနိုင်သည်။

      

    အဖြေအမှားအမှန်တုံ့ပြန်မှု နှင့် စစ်ဆေးခြင်း (Feedback) ကို အဖြေမှား ရွေးချယ်သူများအတွက် Feedback ကို click လုပ်ပြီး စစ်ဆေးနိုင်ပြီး၊ နားလယ်မှုပြုလုပ်နိုင်သည် (ပုံ  )။

     

    ၂။ ပြန်လှန်လေ့ကျင့်ခန်းများ နှင့် စာမေးပွဲများ

    (Revision, Tests and Tutorials)

    မေးခွန်များကိုရရှိခြင်း

    လိုအပ်ချက်များမှာ

    (၁) MEP Learning ကို အသင်းဝင်ကြေးပေးပြီး၊ အီးမေးလိပ်စာကို အသုံးပြုပြီး၊ စာရင်း (account) ဖွင့်ပြီးလျှင်၊ အသုံးပြု၍ရမည်ဖြစ်သည်။ တစ်ဦးထက်ပို၍၊ စာရင်းဖွင့်လိုပါက၊ info@meplearning.com သို့ဆက်သွယ်စုံစမ်း ပါ။

    (၂) စာရင်း (account) ဖွင့်ပြီးလျှင်၊ mep learning မှ (user name) အသုံးပြုရန်အမည် နှင့် password (စကား ဝှက်) ကို ပေးထားသောအီးမေးလိပ်စာမှတဆင့်ရရှိပါမည်ဖြစ်ပြီး၊ နည်းနှစ်သွယ်ဖြင့် ရယူနိုင်မည်ဖြစ်သည်။

     

    ပထမနည်း

    (၃) ကွန်ပြူတာ browser မှ flexiQuiz login ကိုရှာပါ။ ဥပမာ google ကိုအသုံးပြုပါက၊ အောက်ပါအတိုင်း တွေ့ရမည်။

    Enter လုပ်ပါ။

    Login - FlexiQuiz ကို ကလစ်လုပ်ပါက အောက်ပါအတိုင်းတွေ့ရပါမည်။

    (၄) ပို့ပေးထားသော user name and password ကို အထက်ကမြင်ရသော ပုံတွင်ရှိလေးဒေါင့်ကွက်ထဲတွင် လိုသလို ရေးထဲ့ပြီး၊ login ဟုရေးထားသောအပြာရောင်အကွက်ကိုနှိပ်ပါ။ (မမှားစေရ။ မနှိပ်မီ စစ်ဆေးပါ)။

    (၅) ဥပမာ။ C 4 E 1 ပထမတန်းသခ်ျာအခန်း ၄ လေ့ကျင့်ခန်း ၁ (နောက်ထပ်ဘာလာမလဲ) - ကိုပုံစံအဖြစ် ပေး ထားသည်။ Start Quiz ကိုကလစ်လုပ်ပါ။ (C=Chapter; E=Exercise) (ပုံ)။

     

    (၆) စာမျက်နှာထိပ်ပိုင်းတွင်တွေ့ရသောရှင်းလင်းချက် (ပုံ ) မှာ အထက်ပါအတိုင်းဖြစ်သည်။ ၄င်းတွင်ကုမ္ပဏီ အမှတ်တံဆိပ်၊ သင်ခန်းစာအမည်၊ Start Quiz တို့ကိုမြင်တွေ့ရမည်။

     

    စာမျက်နှာအောက်ခြေပိုင်းတွင်တွေ့ရသောရှင်းလင်းချက် (ပုံ) မှာအောက်ပါအတိုင်းဖြစ်သည်။ ဘယ်ဖက်ဒေါင့် တွင် (1/2) သည် စာမျက်နှာ ၁ နှင့် ၂ ကို ရည်ညွန်းသည်။ အပြာရောင်သည်လက်ရှိစာမျက်နှာကို ဆိုလိုသည်။ အဖြူ ရောင်သည်နောက်ထပ်လာမည့်စာမျက်နှာကိုဆိုလိုသည်။

    အလယ်တွင်  Answer 0 of 23 (0%) သည် မေးခွန်း ၂၃ ခုပါရှိသည်။ (0) ဖြေဆိုထားခြင်းမရှိ (Answered = 0) ကို ဆိုလိုသည်။ မေးခွန်းတစ်ခုဖြေဆိုပြီးတိုင်း၊ ဘယ်ဖက်ဂဏန်းက တစ်ကြီး လာမည်။ ဥပမာ။ မေးခွန်း ၅ခု ဖြေပြီးပါက၊ Answered 5/23 (5%) ဟု ပြမည်ဖြစ်သည်။ (5%) သည် မေးခွန်း ၅ခု ဖြေပြီးပါက၊ တစ်ခုကို တစ်မှတ်နှုန်းဖြင့် အ မှတ် ပေးထားခြင်းကြောင့် မေးခွန်း ၅ခု လုံးမှန်သည်ဟုဆိုလိုသည်။

    ညာဖက်ဒေါင့်တွင်  Next Page တို့ကိုမြင်တွေ့ရမည်။ စာမျက်နှာ ၂ သို့သွားလိုလျှင် Next Page ကိုနှိပ်ပါ။ (မေးခွန်း များသည် မဖြစ်မနေဖြေဆိုရမည်ဟုသတ်မှတ်ထားလျှင် မေးခွန်အားလုံးဖြေဆိုပြီးမှ စာမျက်နှာ ၂ သို့သွားနိုင်မည်)။

    Start Quiz ကိုနှိပ်ပါ။

    အောက်ပါမြင်ကွင်းကိုတွေ့ရပါမည်။ ကွန်ပြူတာ cursor ကို၊ ပြုလုပ်လို သော စာမျက်နှာပေါ်တွင်ထားပြီး activation လုပ်ပြီး၊ ညာဖက် အောက်ဒေါင့်ရှိ မျှား အပေါ် /အောက် (down/up arrows) ကိုအသုံးပြုပြီး၊ မျက်နှာပြင် ကို ရွေ့လျားစေခြင်းဖြင့်မေးခွန်းများ ကိုမြင်တွေ့ရမည်။

    (၇) စာမျက်နှာ ၁ ကိုဖြေဆိုပြီးသောအခါ၊ အောက်ခြေဘား၏ဘယ်ဘက်ဒေါင့်တွင် စာမျက်နှာ ၁ (အရောင်ဖြင့်ပြ)၊ အ လယ်တွင် Answered 16 of 23 ဟုဖေါ်ပြထားသည်။ ဆိုလိုသည်မှာ စုစုပေါင်းမေးခွန်း ၂၃ခုတွင် မေးခွန်း ၁၆ ဖြေဆို ပြီးဖြစ်ခြင်းကြောင့် (16/23) ဟုပြထားသည်။ 69% ဖြေဆိုပြီး ကိုဆိုလိုသည်။ အစိမ်းရောင် Save ကိုနှိပ်ပြီး၊ ကျန်ရှိသောမေးခွန်းများကို ဆက်လက်ဆောင်ရွက်ရန် Next Page ကိုနှိပ်ပြီး စာမျက်နှာ ၂ ကိုဆက်ပြီးဖြေဆိုရမည်။

    (၈) ကျန်ရှိသောမေးခွန်း နံပတ် ၁၇ မှ ၂၃ ထိဖြေပြီးသောအခါ၊ အထက်ပါ ပုံတွင်ပြထားသည့် အတိုင်းတွေ့ရမည်။

    စာမျက်နှာအောက်ခြေပိုင်းတွင်တွေ့ရသောရှင်းလင်းချက် (ပုံ ) မှာ အောက်ပါအတိုင်းဖြစ်သည်။ ဘယ်ဖက်ဒေါင့် တွင် စာမျက်နှာ ၂ ကို ရည်ညွန်းသည်။ အလယ်တွင်  Answer 23 of 23 (100%) သည် မေးခွန်း ၂၃ ခုဖြေဆိုထားပြီး ဖြစ် သည်။ (100%) သည် မေးခွန်း ၂၃ခု ဖြေပြီးသည်ဟုဆိုလိုသည်။ ညာဖက်ဒေါင့်တွင်  Previous Page နှင့် Submit တို့ကိုမြင်တွေ့ရမည်။  Previous Page သည် ယခင် ဖြေဆိုပြီး စာမျက်နှာများသို့ ပြန်လယ် သွားရောက် စစ်ဆေး လိုလျှင်၊ Previous Page ကိုနှိပ်ပါ။ လုံးဝပြီးစီးခဲ့ပါသော် Submit ကိုနှိပ်ပြီး၊ အမှတ်စာရင်းကို တင်သွင်း စစ်ဆေး ခြင်းဖြင့်ရလဒ် (Result) ကိုရရှိမည်။

    (၉) Submit ကိုနှိပ်ပြီးသောအခါ၊ အထက်ပါ ပုံတွင်ပြထားသည့်အတိုင်းတွေ့ရမည်။ C 4 E 1၏ ရလဒ် (Result) ဖြစ်သည်။

    • ရမှတ် (Score) 23/23 (100%) ဆိုသည်မှာ မေးခွန်း ၂၃ခု ရှိပြီး၊ မေးခွန်း ၂၃ခု အားလုံးကို ဖြေဆိုပြီး ဖြစ်သည်။ ရမှတ်မှာ ၁၀၀% ရရှိသည် ဟုဆိုလိုသည်။
    • ကြာချိန် (Duration) ကိုးမိနစ် နှင့် နှစ်ဆယ်စက္ကန့် (09m:20s) ဖြစ်သည်။
    • ပြန်လည်ဆန်းစစ်ခြင်း (Review Answers) ဆိုသည်မှာ Review Answers ခလုပ်ကိုနှိပ်ခြင်းဖြင့်၊ ဖြေဆိုပြီးခဲ့သော မေးခွန်း၏အဖြေများကိုလည်း အမှန်/အမှားကိုစစ်ဆေးရှာဖွေနိုင်သည်။

     

    ပြီးမြောက်၊ အောင်မြင်သော မေးခွန်းဖြေဆိုမှုကို ရရှိပါမည်။

    မှတ်ချက်။ လိုအပ်ချက်များအားလုံးကို။ အချိန်နှင့်တပြေးညီ လိုအပ်သလို စီစဥ်ပေးမည်ဖြစ်သည်။

     

    ဒုတိယနည်း

    (၁) အသင်းဝင်စဥ်ကပြုလုပ်ထားသောအီးမေးမှတဆင့် ရောက်ရှိလာသော အပြာရောင်စာတန်း (link) ကို ကလစ်လုပ်ပါ (ပုံ)။

    (၂) Register ပြုလုပ်ရန် စာမျက်နှာတစ်ခုပွင့်လာပါမည် (အောက်ပုံ) (Register for C 1 E 1 အခန်း ၆ အပေါင်း သင် ခန်းစာများ ကိုလေ့လာရန်)။ First Name, Last Name and Email များကို ရေးထည့်ပါ။

    ဥပမာ။   Last Name။      Myo (မျိုး)

                First Name     MyintAung (မြင့်အောင်)

                Email။              myomyint61@yahoo.com

    Register ကိုနှိပ်ပါ။

    (၃) အောက်ပါစာမျက်မှာများကိုတွေ့ရမည်။

    ခေါင်းစဥ်။  C 1 E 1 အခန်း ၆ အပေါင်း သင်ခန်းစာများ

    အောက်ခြေဘားတန်းတွင် ညာဖက်တွင် စာမျက်နှာကိုဖေါ်ပြသည်။ အပြာရောင်သည်ယခုရောက်ရှိနေသော စာမျက်နှာ ကိုဆိုလိုသည်။ အလယ်တွင် ဖြေဆိုပြီးမေးခွန်/စုစုပေါင်းမေးခွန်းအရေအတွက် (Answered 0/78) နှင့် ရာခိုင်နှုန်း (%)၊ နှင့် ညာဖက်ဒေါင့်တွင် (Next Page”) နောက်စာမျက်နှာသို့ သွားရန်၊ တို့ပါဝင်သည် (အပေါ်ပုံ)။ Next Page ကိုနှိပ်ပါ၊ စာမျက်နှာ ၂ သို့ရောက်မည်။

    (၄) စာမျက်နှာ ၂ မှ မေးခွန်းများ (၁ မှ ၂၃ ထိ) ကို တွေ့ရမည်။ မေးခွန်များကို ဖြေဆိုပါ။ မေးခွန်း ၂၃ ကိုဖြေဆိုပြီးသော် အောက်မှပုံကိုမြင်တွေ့ရမည်။

     

    အောက်ခြေဘားတန်းတွင် ဘယ်ဖက်ဒေါင့်ရှိ၊ အပြာရောင်သည် စာမျက်နှာ ၂ ကိုဖေါ်ပြသည်။ အလယ်တွင် 23/78 သည် စုစုပေါင်းမေးခွန်းအရေအတွက် နှင့် ရာခိုင်နှုန်း (29%) ကိုဖေါ်ပြသည်။ ညာဖက်ဒေါင့်တွင် အပြာရောင် Previous Page နှင့် အစိမ်းရောင် Save ကိုတွေ့ရမည်။ ပြီးခဲ့သောစာမျက်နှာကို ပြန်သွားလိုလျှင် နှိပ်ပါ။ အာလုံးသော ဖြေဆို မှုပြီးသွားလျှင် Save ကိုနှိပ်ပါ (မှတ်ချက်။ ။ Save ကိုနှိပ်ရန်မမေ့ပါနှင့်)။ စာမျက်နှာ ၂ တွင် Save မလုပ်ခင် နှင့် လုပ်ပြီးကိုတွေ့ရမည်။

    (၅) Save ကိုနှိပ်ပြီး၊ Next Page ကိုဆက်နှိပ်ပါ။ စာမျက်နှာ ၃ ကို မြင်ရပါမည် (အောက်ပုံ)။ စာမျက်နှာ ၃ တွင် လေ့ကျင့်ခန်းမပါဝင်သည်ံ အတွက် အပြာရောင် Next Page ကိုဆက်နှိပ်ပါက၊ အခန်း ၄ သို့ရောက် သွားပါမည်။

     

    (၆) အခန်း ၄ ၏ပထမဆုံးမေးခွန်း ကိုတွေ့ရပါမည်။ ဆက်လက်ဖြေဆိုခြင်းမရှိသေးသည့်အတွက် မေးခွန်းအရေအ တွက်မှာ ယခင်ကကဲ့သို့ 23/78 (29%) ဖြစ်နေဦးမည်။ မေးခွန်များကို ဆက်လက် ဖြေဆိုပါ။

    (၇) အခန်း ၄မှ မေးခွန်းများ (၁၈ခု) ကိုဖြေဆိုပြီးသော် အောက်မှပုံကိုမြင်တွေ့ရမည်။ 41/78 (52%) ကိုတွေ့ရမည်။ စာမျက်နှာ ၅ သို့ ဆက်သွားရန်၊ အစိမ်းရောင် Save ကိုနှိပ်ပြီး၊ ကိုနျီပ်ပါ။

     

    (၈) စာမျက်နှာ ၅ ကိုမြင်တွေ့ရမည် (အောက်ပုံ)။ 41/78 (52%) ကိုတွေ့နေရဦးမည်။ မေးခွန်းများကို ဆက်လက် ဖြေ ဆိုပါ။

     

    (၉) စာမျက်နှာ ၅ ၏ နောက်ဆုံးစာမျက်နှာ ကိုမြင်တွေ့ရမည် (အောက်ပုံ)။ 65/78 (83%) ကိုတွေ့ရမည်။

    (၁၀) အစိမ်းရောင် Save ကိုနှိပ်ပါ။ 

    (၁၁) စာမျက်နှာ ၅ ထိ ဖြေဆိုပြီးဖြစ်သည်။ Save လုပ်ပါ။ 65/78 (83%) အမှတ်ရရှိပြီးဖြစ်သည်။ စာမျက်နှာ ၆ သို့သွား ရန် Next Page ကိုနှိပ်ပါ။  စာမျက်နှာ ၆ ကို အောက်ပါအတိုင်းတွေ့ရမည်။

     

    (၁၂) စာမျက်နှာ ၆ ၏မေးခွန်းများကို ဆက်လက်ဖြေဆို ပါ။ နောက်ဆုံးမေးခွန်းပြီးသည်ထိ ဖြေဆိုပြီးလျှင် အစိမ်း ရောင် Save ကိုနှိပ်ပါ။ အောက်ပါ ပုံကိုတွေ့ရမည်။ မှန်လျှင် အစိမ်းရောင် နှင့် မှန်လျှင် အနီရောင် (x) ကိုတွေ့ရမည်။

    (၁၃) 78 of 78 (100%) ကိုဖေါ်ပြနေသည်ကိုတွေ့ရမည်။ မေးခွန်း အားလုံးဖြေဆိုပြီးဖြစ်သည်။ အားလုံးပြီးပါက Submit ကိုနှိပ်ခြင်းဖြင့် နောက်ဆုံးရလဒ် ကိုရယူနိုင်သည်။

     

    (၁၄) နောက်ဆုံးရလဒ် ကို ပုံအတိုင်မြင်ရမည်။ အစိမ်းရောင် Preview Answers ကိုနှိပ်ခြင်းဖြင့်၊ အမှားအမှန်များကို စစ်ဆေးနိုင်သည်။ အမှားဖြေဆိုပါက အနီရောင်နှင့် (x) ပြမည် (ပုံ)။

      

    ပြီးမြောက်၊ အောင်မြင်သော မေးခွန်းဖြေဆိုမှုကို ရရှိပါမည်။

     

    မှတ်ချက်။ လိုအပ်ချက်များအားလုံးကို။ အချိန်နှင့်တပြေးညီ လိုအပ်သလို စီစဥ်ပေးမည်ဖြစ်သည်။