About Us

၂၀၂၂ နှစ်တွင်တည်ထောင်သည်။

  • ကမ္ဘာကြီးသည်၊ ယခုခေတ်ကာလတွင် စက်မှုနည်းပညာ . ခေတ် (Industrial 4.0 Era) ဒီဂျစ်တယ်(digital) နည်းပညာ ခေတ်သို့ ရောက်ရှိနေပြီးဖြစ်သည်။ လုပ်ငန်းအတော်များများ သည် ပင်လျှင် ဒီဂျစ်တယ် (digital)နည်းပညာ ပေါ် တွင် အခြေခံပြီး၊ တည်ဆောက် ဆောင်ရွက် နေကြ ပြီးဖြစ်သည်။
  • မြန်မာနိုင်ငံ၏ပညာရေးတွင် ကြီးမားသောအထောက်အကူ ဖြစ်စေရန်အတွက်ရည်ရွယ်ပြီး၊ ယခု MEP Learning (မြန်မာပညာရေးစင်မြင့်၏သင်ကြားခြင်း) အွန်လိုင်းပညာသင်ကြားရေးကို၊ အကောင် အထည် ဖေါ်ဆောင်ရွက်ခဲ့သည်။
  • MEP Learning ကို အသုံးပြုခြင်းကြောင့် ဒီဂျစ်တယ်နည်းပညာ၊ သင်ယူမှု နှင့် သင်ကြား မှု (eLearning or online Learning) ကို အထောက်အကူပြုနိုင်မည် ဟု လုံးဝယုံကြည် ပါသည်။
  • MEP Learning သည် ပညာရေး ဂဏ္ဠနှင့် စက်မှုနည်းပညာ ၄.၀ တို့၏ ဆက်သွယ်မှု ကို ရင်းနှီး ကျွမ်းဝင်၊ နားလည် တတ်မြောက် လာအောင် အလို့ငှါ၊ ကျောင်းသားများ၊ ဆရာများ နှင့် မိဘများ အတွက် ရည်ရွယ်ပြီး တည်ဆောက်ထားပါသည်။
  • MEP Learning တွင် သီအိုရီ ကို အခြေခံထားသော လေ့ကျင့်ခန်း မြောက်များစွာ ကို မေးခွန်း ပုံစံကိုးမျိုး ရရှိနိုင်သော ဆော့ဝဲများ ကို အသုံးပြုပြီး၊ ကျောင်းသားများ နားလယ်လွယ်ကူ၊ အသုံးပြုနိုင် စေခြင်းဖြင့် ပြုလုပ် ဖေါ်ြပထားသည်။
  • သို့ပါ၍၊ MEP Learning ကို ဒီဂျစ်တယ် (digital) နည်းပညာ နှင့် ပညာရေးဆိုင်ရာ အခြေခံအကြောင်းရပ်များ (သင်ယူခြင်း၊ သင်ကြားခြင်း၊ သုသေသနပြုခြင်း) ပေါင်းစပ်၍၊ အခြေ ခံ တည်ဆောက်ထားပါသည်။ နည်းပညာပိုင်းတွင် အခက်အခဲရှိနေသော်လည်း၊ အောင်မြင်အောင် ကျိုးစားဆောင်ရွက်ပါမည်။
  • MEP Learning တွင် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတန်း ကို ၁၀၀% လိုက်နာ ဆောင်ရွက်ထားသည့်အပြင်၊ အပြည်ပြည်ဆိုင်ရာသင်ရိုးညွှန်းတန်းများမှ ကောင်းကွက်များကို လည်း ထည့်သွင်းပေးထားပါသည်။
  • MEP Learning တွင် မြန်မာစာအတွက် Unicode (Pyidaungsu Font) ကို အသုံး ပြုထားသည်။ English ကိုလည်းအသုံးပြုထားသည်။
  • MEP Learning သည် cloud ပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းကြောင့် ဝိုင်ဖိုင် (WIFI) နှင့် ဆဲဖုန်း လိုင်း (cellular data) ရှိသောနေရာမှ မည်သည့် ဆော့ဝဲ မှ အကူအညီ မလိုအပ်ဘဲ၊ မည်သည့်အချိန်တွင် မဆို ဆဲဖုန်း၊ အိုင်ပက်၊ ကွန်ပြူတာ မှ ဖွင့်ယူ အသုံးပြုနိုင်အောင် တည်ဆောက် ထားသည်။ သို့သော်၊ တစ်ချို့သော လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ရန် အလို့ငှါ၊ Microsoft PowerPoint ကိုလည်းဘဲ အသုံးပြုနိုင်စွမ်းရှိရမည်။
  • MEP Learning တွင် ကိုယ်ပိုင်အသိပညာဖြင့် တီထွင်ကြံဆမှုဖြင့် ပြုလုပ်ထားသော လက်တွေ့လေ့ကျင့်နိုင်သောသင်ခန်းစာများ ကို ဆော့ဝဲယားများ အကူအညီ ဖြင့်တည်ဆောက်ပြု လုပ် ထားသည်။
  • လက်တွေ့လေ့ကျင့်မှုသည်သာ အကောင်းဆုံး နှင့် အတော်ဆုံး ဖြစ်အောင်ကြိုးပမ်းမှု ဖြစ် သည် (Practice makes perfect)