MEP Learning

MEP Learning ၏ရည်ရွယ်ချက်

  • ကမ္ဘာကြီးသည်၊ ယခုခေတ်ကာလတွင် စက်မှုနည်းပညာ ၄.၀ ခေတ် (Industrial 4.0 Era) ၏ ဒီဂျစ်တယ် (digital) နည်းပညာ ခေတ်သို့ ရောက်ရှိနေပြီးဖြစ်သည်။ လုပ်ငန်းအတော်များများ သည် ပင်လျှင် ဒီဂျစ်တယ် (digital) နည်းပညာ ပေါ် တွင် အခြေခံပြီး၊ တည်ဆောက်ဆောင်ရွက် နေကြသည်။
  • မြန်မာနိုင်ငံ၏ပညာရေးတွင်၊ အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ပြီး၊ ဒီဂျစ်တယ် (digital) နည်းပညာနှင့် ကွန်ပြူတာကွန်ယက်များတွဲဆက်ထားသည့် နည်းစနစ် ကို ပညာရေးဆိုင်ရာ အခြေခံ လုပ်ငန်းရပ် များ (သင်ယူခြင်း၊ သင်ကြားခြင်း၊ သုသေသနပြုခြင်း) ကိုပေါင်းစပ်၍၊ MEP Learning (မြန်မာ ပညာရေး စင်မြင့်၏သင်ကြားခြင်း) အွန်လိုင်း ပညာသင်ကြားရေးကို၊ အကောင်အထည် ဖေါ်ဆောင်ရွက်ခဲ့သည်။

 

MEP Learning ဆိုတာ

  • MEP Learning တွင် လေ့ကျင့်ခန်းမြောက်များစွာ ကို မေးခွန်း ပုံစံကိုးမျိုးကို အသုံးပြုပြီး၊ ကျောင်းသားများ နားလယ်လွယ်ကူ၊ အသုံးပြုနိုင် ရန်တည် ဆောက်ထားသည်။ စာနှင့်ဖေါ်မြူလာ များ၊ ရုပ်ပုံများ၊ ဓါတ်ပုံများ၊ အသံဖိုင်များ နှင့် ဗီဒီယိုဖိုင်များပါဝင်သည်။
  • MEP Learning တွင် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတန်း ကို ၁၀၀% လိုက်နာ ဆောင်ရွက် ထားသည့်အပြင်၊ အပြည်ပြည်ဆိုင်ရာသင်ရိုးညွှန်းတန်းများမှ ကောင်းကွက်များကို လည်း ထည့်သွင်းပေးထားပါသည်။
  • MEP Learning တွင် မြန်မာစာအတွက် Unicode (Pyidaungsu Font) ကို အသုံး ပြုထားသည်။
  • MEP Learning ကို SSL encryption and advanced cloud ပေါ်တွင် အခြေခံတည်ဆောက် ထားခြင်းကြောင့် မည်သည့် ဆော့ဝဲ အကူအညီ မလိုအပ်ဘဲ၊ မည်သည့်အချိန်၊ မည်သည့်နေရာဒေသတွင် မဆို လုံခြုံစွာ အသုံးပြုနိုင်သည်။
  • MEP Learning တွင် ကိုယ်ပိုင်အသိပညာဖြင့်တီထွင်ကြံဆမှုဖြင့်ပြုလုပ်ထားသော လက် တွေ့ လေ့ကျင့်နိုင်သောလေ့ကျင့်ခန်းများကိုပြုလုပ်ထားသည်။

 

MEP Learning ၏အားသာချက်များ

  • ကျောင်းသား၊ အုပ်ထိမ်းသူ နှင့် MEP Learning၏ စီစဥ်သူ တို့သည် မည်သည့်အချိန်နှင့်နေရာမဆို ဆက်သွယ်ပြီး မေးခွန်းများကိုဖြေဆိုနိုင်သည်။
  • SSL (Secure Sockets Layer) encryption and advanced cloud infrastructure ကိုအ သုံးပြုထားခြင်း ကြောင့် လုံခြုံစွာအသုံးပြုနိုင်သည်။
  • ရမှတ် (mark) နှင့် အဆင့်အတန်း (grade) ကို အလိုအလျှောက်၊ မှန်ကန်မြန်ဆန်စွာသတ်မှတ်ပေး မည်။
  • မေးခွန်းဖြေချိန် နှင့် ကြာချိန်ကိုကြိုက်သလိုသတ်မှတ်နိုင်သည်။
  • အုပ်စုလိုက် သို့မဟုတ် တစ်ဦးချင်းစီ ကိုစီစဥ်ပေးနိုင်သည်။
  • စာသင်နှစ်တစ်နှစ်ကို ၁၀လ (ဆယ်လ) သတ်မှတ်ထားသည် (မေလ မှ ဖေဖဝါရီလ)
  • (၁)အခန်းတိုင်းအတွက်လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်မေးခွန်းများစွာဖြင့်တည်ဆောက် ထားသည် (တစ်ပါတ်တစ် ကြိမ်ခန့် လေ့ကျင့်ခန်းများပြုလုပ်မည်)။
  • (၂)ပြန်လှန်လေ့ကျင့်ခန်း၊ အခန်းတွင် နှစ်ဝက် (midterm exams) စာမေးပွဲများ ပြုလုပ်ပေးမည်။
  • (၃)အခန်းအားလုံးပြီးဆုံးသည့်အခါ၊ နောက်ဆုံးစာမေးပွဲ (final exam) ဖြေဆိုပြီး၊ အရည်အချင်းစစ်ဆေး မှုပြုလုပ်ပေးမည် (အတန်းတက်ရန်စာမေးပွဲမဟုတ်ပါ)။
  • တိကျခြင်း၊ မှန်ကန်လျင်မြန်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ အချိန်တိုအတွင်းလေ့ကျင့်ခန်း အမြောက်အများ ပြုလုပ်နိုင်ခြင်းနှင့်တီးဖြတ်ပေးနိုင်ခြင်း၊ တစ်ဦးချင်းစီအတွက် လုံခြုံမှုအပြည်ံအဝရှိခြင်း၊ တို့ကိုပေးနိုင်စွမ်းရှိသည်။

 

မေးခွန်များ

  • Member သို့မဟုတ် Account setting ပြုလုပ်နိုင်ရန် Plan and Pricing ကိုနှိပ်ပြီးလေ့လာနိုင်သည်။